Skip to content
The Believer's Library

Rakhine: Rakhine Bible

1 John 1 NTRKB25

Side by side with the Father's Heart Bible™

အသက်ရှင်သော နှုတ်ကပတ်တော်

1အစအဦးကပင် ဟိတော်မူခသည့် အသက်ရှင်သော နှုတ်ကပတ်တော်အကြောင်းကို ငါရို့ စာရီးလိုက်၏။ ထိုနှုတ်ကပတ်တော်ကို ငါရို့ ကြားခရ၏။ ကိုယ်တိုင်မျက်စိနှင့် မြင်ခကြ၏။ ငါရို့ ကြည့်ရှုလျက် လက်နှင့်လည်း တို့ခကြ၏။ 2ထိုအသက် ထင်ရှားခသည်ကို ငါရို့သည် မြင်ခရ၏။ ထို့ကြောင့် ခမည်းတော်နှင့်အတူ ဟိတော်မူခသည့် ထာဝရအသက်အကြောင်းကို ငါရို့အား ဖော်ပြတော်မူခသည်ဖြစ်၍ ငါရို့သည် သင်ရို့အား သက်သီခံလျှက် ဟောပြောကြ၏။ 3ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။ 4ငါရို့၏ ဝမ်းမြောက်ခြင်း ပြည့်ဝစုံလင်စီမည့်အကြောင်း ဤအကြောင်းအရာများကို ငါရို့ စာရီးလိုက်၏။

အလင်းဖြစ်တော်မူသော ဘုရားသခင်

5ဘုရားသခင်သည် အလင်းဖြစ်တော်မူ၍ ကိုယ်တော်၌ မှောင်မိုက် လုံးဝမဟိ ဟူသော ဤသတင်းစကားသည် ကိုယ်တော်၏ သားတော်ထံမှ ငါရို့သည် ကြားသိရသဖြင့် သင်ရို့အား ဟောပြောကြေညာခြင်းဖြစ်၏။ 6သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။ 7သို့ရာတွင် ကိုယ်တော်သည် အလင်း၌ ဟိတော်မူသကဲ့သို့ ငါရို့သည်လည်း အလင်း၌ အသက်ရှင်လျှောက်လှမ်းကြလျှင် ငါရို့သည် တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့ခြင်း ဟိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေသျှု၏ အသွီးတော်သည်လည်း ငါရို့၏ ခပ်သိမ်းသော အပြစ်များကို စင်ကြယ်စီတော်မူ၏။

8ငါရို့၌ အပြစ်မဟိဟု ဆိုလျှင် ငါရို့သည် ကိုယ့်ကိုကိုယ် လှည့်စားသည်သာမက သမ္မာတရားသည်လည်း ငါရို့၌ မဟိ။ 9သို့သော် ငါရို့၏အပြစ်ကို ဝန်ချတောင်းပန်ကြလျှင် ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံပြီး ဖြောင့်မတ်တော်မူသောအသျှင် ဖြစ်တော်မူသောကြောင့် ငါရို့၏အပြစ်များကို ခွင့်ရွှတ်တော်မူ၍ ငါရို့အား ဒုစရိုက်ဟိသမျှတိမှ စင်ကြယ်စီတော်မူလိမ့်မည်။ 10အကယ်၍ ငါရို့သည် အပြစ်ကျူးလွန်သူတိ မဟုတ်ဟု ဆိုပါက ဘုရားသခင်ကို လိမ်လည်သောသူဟု ဆိုရာရောက်သည်ဖြစ်၍ နှုတ်ကပတ်တော်သည်လည်း ငါရို့၌ မဟိ။

© The Word for the World International, 2025.
Rakhine: Rakhine Bible · Creative Commons - Attribution-ShareAlike [CC BY-SA]